ပျူ
၁၂ ပြည်ထောင် ကို ထပ်တွေ့ခြင်း
ပျူရာဇဝင်
၁၂စောင်တွဲအရ ပျူ ပြည်ထောင် ၁၂ ပြည်ထောင် ရှိကြောင်း ပြည်ထောင်စုထဲက ပအိုဝ်း ဆိုတဲ့
စာအုပ်ထဲက ဖော်ပြပေးခဲ့ဖူးပါတယ်။ ဒါကို လက်ခံရေးသားထားတဲ့ အခြား စာအုပ်/ စာစောင်တွေများ
ရှိဦးမလားလို့ ရှာ တဲ့ အခါ “စန်းသမိန် ရဲ့ မြန်မာ့သွေး၊ မြန်မာ့ဓား၊ မြန်မာ့ စစ်ပညာ”
စာအုပ်ထဲမှာ ပိုလို့ ပြည့်စုံစွာ ဖော်ပြထားပါတယ်။ ဆရာစန်းသမိန် ရဲ့ စာအုပ်ထဲမှာ ပိုလို့
ပြည့်စုံစွာ ပါတာကတော့ ပျူ ၁၂ ပြည်ထောင်အပြင် ၎င်းတို့ရဲ့ မြို့တော်များကိုပါ တွဲလျက်
ဖော်ပြထားတာပါ။
၁။
အေလိုပျူ (မြို့တော်တကောင်း၊ ငဆောင်ချမ်း၊ တကောင်း)
၂။
ဟန်လင်းပျူ (မြို့တော်ဟန်လင်း)
၃။
ကချင်ပျူ (မြို့တော် ငမန္တာ၊ မိုးကောင်း)
၎။
ချင်းပျူ (မြို့တော် ဖလမ်း၊ တီးတိန်)
၅။
အစီရီပျူ (မြို့တော် ဓညဝတီ) ရခိုင် ကို ပြောတာပါ။
၆။
မြန်မာပျူ (မြို့တော် တောင်တွင်းဂေး၊ ကျောက်ပန်းတောင်း၊ ယုတ်လွှတ်၊ သီရိပစ္စယာ၊
တမ္ပဝတီ၊ ပုဂံ)
၇။
ကံဖိုစပျူ (မြို့တော် မိုးနဲ) ကမ္ဘောဇကို ပြောတာပါ။
၈။
ကိုင်းရယ်ပျူ (မြို့တော် ကိုင်းရယ်၊ ကျိုင်းတုံ)
၉။
ကလောက်ဂေးပျူ (မြို့တော် ကလောက်ဂေး၊ သထုံ)
၁၀။
တိန်မယ်ပျူ (မြို့တော် တိန်မယ်၊ ပဲကူး)
၁၁။
မှော်ဇာပျူ (မြို့တော် မှော်ဇာ)
၁၂။
တနင်္သာရီပျူ (မြို့တော် ထားဝယ်)
လူငယ်တွေ၊
ရှေးရာဇဝင်တွေ အကြောင်း စိတ်ဝင်စား သူတွေကို knowledge ပေးချင်တာ အဓိကပါ။ ဒါတွေကို အမှန်သမိုင်း အဖြစ် ပြောနိုင်ဖို့ကတော့
သုတေသနပြုမှုတွေ၊ တူးဖော်တွေ့ရှိ မှုတွေ၊ ခေတ်ပြိုင် မှတ်တမ်းတွေက သက်သေထူပါလိမ့်မယ်။
(အခု အတော်လေးကို တူးလည်းတွေ့၊ အချို့နေရာတွေမှာ မတူးဘဲတောင် တွေ့ သတင်းတွေ ကြားရပါတယ်။
တာဝန်အရ၊ စည်းကမ်းအရ၊ မပြောပဲသာ နေရမယ်။ အတူးဘက်က ဆရာများ သိကြ မှာပါ။ )
(ကိုသာဝ)
No comments:
Post a Comment