Sunday, October 13, 2013

ပအိုဝ်း တွေပြောတဲ့ ပျူ အကြောင်း

ပအိုဝ်း တွေပြောတဲ့ ပျူ အကြောင်း



ရှေး ရာဇဝင်တွေကို လက်လှမ်း မမီနိုင်တဲ့ ဝါသနာရှင် တွေနဲ့ လူငယ်တွေအတွက် ရည်ရွယ်ပါတယ်။ ပျူရာဇဝင် ၁၂စောင်တွဲမှာ ပျူ (၁၂) ပြည်ထောင် ရှိတယ်လို့ ဖော်ပြ ပါတယ်။ ၎င်း ပျူရာဇဝင် ၁၂စောင်တွဲက ရှားပါး သွားပြီ ဖြစ်လို့ ပအိုဝ်းလူမျိုးတွေက အဲ့ဒီ ပျူရာဇဝင် ကိုလက်ခံကြောင်း ရေးသားထားတဲ့ ပြည်ထောင်စု ထဲက ပအိုဝ်း စာအုပ်ထဲက ကောက်နှုတ် တင်ပြပါ့မယ်။ 


အောက်ပါ ပုံကတော့ ပျူ ၁၂ ပြည်ထောင် ရှိကြောင်း ဖော်ပြချက်ပါ။
အဲ့ဒီ ပျူ ပြည်ထောင် ၁၂ ပြည်ထောင်ကတော့
           ၁။ အေလိုပျူ

၂။ ဟန်လင်းပျူ
၃။ ကချင်ပျူ
၎။ ချင်းပျူ
၅။ အစီရီပျူ
၆။ မြန်မာပျူ
၇။ ကံဖိုးစပျူ
၈။ ကိုင်းရယ်ပျူ
၉။ ကလောက်ဂေးပျူ
၁၀။ တိမ်မယ်ပျူ
၁၁။ မော်ဇာပျူ
၁၂။ တနင်္သာရီပျူ
တို့ ဖြစ်ပါတယ်။

နောက်တစ်ခုက ဘယ်ရှေးမြန်မာ ရာဇဝင် တွေမှာမှ ပျူလူမျိုးတွေ မျိုးတုန်းပျောက်ကွယ် သွားတယ်လို့ မရေးပါဘူး။ ဒါပေမယ့်  “AD 832 မှာ နန်ချောင်က တိုက်လို့ ပျူတွေ အကုန်မျိုးပြုတ် ကုန်တယ်။ မြန်မာပြည် အလယ်ပိုင်းဧရာဝတီမြစ်ဝှမ်း ပျူတို့ရဲ့ ဒေသမှန်သမျှ ဟာနေသူမယ့် လစ်လပ်နေရာကြီး (vacuum) ဖြစ်သွားတယ်။ ” အဲ့သလို G.H Luce ကသူရဲ့ ကျောက်ဆည် စာတမ်း (Old Kyaukse And The Coming of The Burmans; 1959) မှာရေးခဲ့တယ်။
ဒါကိုပအိုဝ်းလူမျိုးတွေကလက်မခံကြောင်းလဲသူတို့ရဲ့ ပြည်ထောင်စုထဲကပအိုဝ်းထဲမှ ရေးထားတာ
တွေ့ရတယ်။ 


(ချင်းအမျိုးသားဆရာကြီး ပျူရှိန်းဂေရှိန်းကလဲ ပျူလူမျိုးတွေ မျိုးတုန်းပျောက်ကွယ် သွားတယ်ဆိုတာကို လုံး ဝ လက်မခံပါဘူး။ ဒါကိုနောက်မှ သပ်သပ် တင်ပြပါ့မယ်)
ရည်ရွယ်ချက်ကတော့ ရာဇဝင်က ပြောသလို ပျူ ၁၂ ပြည်ထောင် ရှိတယ် ဆိုတာ တကယ်လား။ သက်သေပြနိုင်ဖို့ မြေပေါ်မြေအောက် သုတေသန တွေလုပ်နေပြီလား။ ဘယ်လို သုတေသီတွေက လုပ်နေပြီး၊ သုတေသန ရလာဒ်တွေ ဘယ်လိုရှိသလဲ။ ပညာရှင် မဟုတ်တဲ့ ဝါသနာရှင်တွေ သိနိုင်ဖို့ရော ဘယ်လို စာတမ်း တွေကို ကြည့်ရမှာလဲ။ ဒါကတော့ ရှေးရာဇဝင် တွေနဲ့ ပတ်သက်လို့ပါ။
နောက် တစ်ခုက လုစ် ပြောတာကို ဘာလို့ လက်မခံ နိုင်ကြရတာလဲ။ လုစ်က ဘာ အထောက်အထား ရှိလို့ ဒီလို ပြောရတာလည်း၊ စသဖြင့် ဆက်လက် ဆန်းစစ်နိုင်စေဖို့ပါ။ 
(ကိုသာဝ)

No comments:

Post a Comment