Tuesday, November 5, 2013

မွန်တိုင်းရင်းသားများသည် အာဖဂန်၊ ပါရှန်တို့၏ အဆက်အနွယ် ဖြစ်တန်သည်ဟု ထင်ယောင်မှားစေရန် G.H Luce ရေးသားခဲ့ခြင်း

မွန်တိုင်းရင်းသားများသည် အာဖဂန်၊ ပါရှန်တို့၏ အဆက်အနွယ် ဖြစ်တန်သည်ဟု ထင်ယောင်မှားစေရန် G.H Luce ရေးသားခဲ့ခြင်း



ပျူ နိုင်ငံမှ ပျူ လူမျိုးတို့ကို  (အေဒီ ၈၈၀) ပါရှန်မှတ်တမ်းမှ “ဋသူလ်” ၊ (အေဒီ၉၈၂) အာဖဂန်မှတ်တမ်း မှ “တိသူလ်” ဟု ခေါ်ကြောင်း G.H Luce က သူ၏ The Ancient Pyu (1937, JBRS) စာတမ်းတွင် ရေးသားခဲ့ပါသည်။
          မွန်ဘာသာဖြင့် ရေးထိုးထားသော ကျန်စစ်သားမင်း နန်းတည်ကျောက်စာ တွင် “တိရ်စူ” ဟူသော ဝေါဟာရ ပါဝင်သည်။ မွန်ဝေါဟာရ၊ မွန်စကား အသံထွက်ဖြင့် ရေးထိုးထားခဲ့သော ထို “တိရ်စူ” သည် ပါရှန်မှတ်တမ်း (အေဒီ၈၈၀)၊ အာဖဂန်မှတ်တမ်း (အေဒီ ၉၈၂) တို့၌ပါဝင်သော  “ဋသူလ်”၊ “တိသူလ် ” တို့နှင့် အတူတူ ဖြစ်လိမ့်မည်ဟု အထောက်အထားမဲ့ လုစ် ရေးသား ပြောဆို ခဲ့ပါသည်။
လုစ်၏ ရေးသားပြောဆိုချက်အရ “တိရ်စူ” သည်၊  “ဋသူလ်”၊ “တိသူလ်” တို့ နှင့်အတူတူ ဆိုလျှင် မွန်စကားသည် အာဖဂန်စကားနှင့် အတူတူ၊ မွန်စကားသည် ပါရှန် စကားနှင့် အတူတူဟု ယူဆဖွယ် ဖြစ်နေပါသည်။ ထိုသို့ မွန်စကားသည် အာဖဂန်၊ ပါရှန် စကားတို့နှင့် တူညီသောကြောင့် မွန်လူမျိုးသည် အာဖဂန်-ပါရှန် ကပြားဟု ယူဆမှားဖွယ် ဖြစ်နေပါသည်။ လုစ်ပြောသည့်အတိုင်း မွန်ဘာသာစကားဖြင့် ရေးထားသော တိရ်စူသည် အာဖဂန်စကားဋသူလ်၊ ပါရှန် စကား တိသူလ်  တို့နှင့် အတူတူဟု ယူဆပြောဆိုသူများသည်လည်း လုစ်ကဲ့သို့ မွန် သည် အာဖဂန် ပါရှန် ကပြားဖြစ်သည်ဟု လိုက်ပြောရာ ကျနေပေသည်။
မွန် လူမျိုးသည် ပါရှန် မဟုတ်ကြောင်း လုစ် မသိပြီလော။ မွန် လူမျိုးသည် အာဖဂန် မဟုတ်ကြောင်း လုစ် မသိပြီလော။ မွန်စကားသည် ပါရှန်စကား၊ အာဖဂန် စကားတို့နှင့်မတူ ဆိုတာကို လုစ်မသိပြီလော။ လုစ်မသိ ဆိုတာ မဖြစ်နိုင်ပါ။ ဒါဆို မွန်တိုင်းရင်းသားများသည် အာဖဂန်၊ ပါရှန်တို့၏ အဆက်အနွယ် ဖြစ်တန်သည်ဟု ထင်ယောင်မှားစေရန် G.H Luce ဘာလို့ ရေးခဲ့ပါသနည်း လို့သာ မေးခွန်းထုတ်လိုက် ချင်ပါတော့သည်။