ရာဇဝင်ထဲက
ပျူမြန်မာ
“ပျူဟာမြန်မာ မြန်မာဟာပျူ။ ပျူစစ်လျှင် မြန်မာ
” ဆိုတာအခုခေတ် ခရစ်နှစ် ၂၀၀၀ ကျော်မှ ခေတ်စားလာတဲ့ စကားလား။ ရှေးရှေးတုန်းကတည်းကရှိတာလား။
ကိုလိုနီခေတ် မတိုင်မီရှေးမြန်မာရာဇဝင်တွေ ကရောဘယ်လိုပြောသလဲ။ လက်လှမ်းမီသလောက် ရှာဖွေကြည့်တော့ အောက်ပါစာအုပ်
ကိုသွားတွေ့ပါတယ်။
အရိယဝံသ အရှင်အာဒိစ္စရံသီ မုံရွေးဇေတဝန် ဆရာတော်ဘုရားကြီး
(အေဒီ ၁၇၆၆-၁၈၃၄) ပြုစုတဲ့ စေတိယကထာ မည်သော
ရာဇဝင်ချုပ် ဖြစ်ပါတယ်။ ကုန်းဘောင်ခေတ် ဘကြီးတော် စစ်ကိုင်းမင်း (၁၈၁၉-၁၈၃၇) လက်ထက်မှာရေးသားခဲ့တာ
ဖြစ်ပါတယ်။ ၁၈၂၄ မှာ ရေးသားပြုစုပြီး မှန်နန်းရာဇဝင်ထက် ၉နှစ်တာမျှ စော၍ ပြီးစီးခဲ့ပါ
သတဲ့။ ခေတ်အဆက်ဆက်မှာ နန်းတက်ခဲ့ကြတဲ့ ဘုရင်များရဲ့ နန်းတက်သက္ကရာဇ် နှင့်တကွ ၎င်းဘုရင်တွေ
တည်ထားခဲ့တဲ့ စေတီတော်များသမိုင်းအကျဉ်းမို့ “စေတိယကထာမည်သောရာဇဝင်ချုပ်” လို့ ကျမ်းပြုဆရာတော်က
အမည်ပေးထားတာပါ တဲ့။ (ဦးကျော်ငြိမ်း၊ ညွန်ကြားရေးမှူး (ငြိမ်း) ၊ သမိုင်းသုတေသနဦးစီးဌာန၊
မြန်မာ့သမိုင်းကော်မရှင် အဖွဲ့ဝင် ၏ အမှာစာမှ )
ဆရာတော်ကသုနာပရန္တတိုင်း၊ တမ္ပဒီပတိုင်း၊ ရှေးကျလှတဲ့
ဟံလင်းရာဇဝင် အစမှာဟော့ဒီလို ပြထားပါတယ်။
ကမ္ဘာဦးက
ဗြဟ္မာ၊ နတ်တို့ အနွယ်ကလာသည်။ ဗြဟ္မာ၊ နတ်တို့ကိုကိုးကွယ်လေ့ ရှိသောကြောင့် ဗြဟ္မာမျိုးဟူ၍
ခေါ်ကြလေကုန်၏။ ရှည်လျားသောကာလ ဗြူဟူ၍ လည်းကောင်း၊
မြန်မာဟူ၍ လည်းကောင်းတွင်ပြန်လေ၏။
ထိုဗြဟ္မာမျိုး၊
ဗြူမျိုး၊ မြန်မာမျိုးဟု ဆိုအပ်သော သုနာပရန္တတိုင်းအပြင်၌ မန္ဓာတုဟူသော စကြာမင်း
မရှိသည့်နောက် တိုင်းနိုင်ငံထောင်ထားကြ၍ ဇမ္ဗူဒီပါ ကျွန်းအပြင်၌ အသီးသီးမင်းမူကြသော
ကာလ မနုဇန္ဒသမ္မတမင်းကြီးသည် ဟံသာနာဂရ မည်သောဟံလင်း မြို့ကြီးကိုတည်၏။
အထက်ပါ အထောက်အထားအရ မုံရွေးဇေတဝန်ဆရာတော်ဘုရားကြီး
ကလည်း ဟံလင်းရာဇဝင်ပါ အတိုင်း မြန်မာနှင့်ပျူ အတူတူလို့ ပြောခဲ့တာ ဖြစ်ပါတယ်။ (ကုန်းဘောင်ခေတ်ကတည်းကမုံရွေးဇေတဝန်
ဆရာတော်ဘုရားကြီးအရှင်အာဒိစ္စရံသီမှ မြန်မာနဲ့ ပျူ အတူတူလို့ ပြောခဲ့တဲ့ အထောက်အထားပါ)
ပုဂံရာဇဝင်ကြီးပေမူမှာလည်း“သရေခေတ္တရာ ပြည်
အရပ်၌ ကြွင်းသောမြန်မာဟူသော ပြူတို့”၊ “မြန်မာဟူသည်ကား
ပျူ့သား ပျူ့မြေးတည်း” ဟုလည်းကောင်းဖော်ပြပါရှိပါတယ်။
ဒီဆောင်းပါးကတော့
သမိုင်းနဲ့ အလှမ်းကွာတဲ့သူတွေ၊ ရှေးမြန်မာရာဇဝင်တွေနဲ့ အလှမ်းဝေးတဲ့ လူငယ် တွေ၊ ဝါသနာရှင်တွေကိုရည်ညွှန်းပါတယ်။
ရှေးရာဇဝင်တွေမှာ ဒါတွေဒီလိုပါတယ် ဆိုတာကို knowledge ပေးချင်တာ ဖြစ်ပါတယ်။ ဒီတော့ကာ
ပျူစစ်လျှင်မြန်မာ ဆိုတာ ရှေးအတီအတေ ကတည်းက မြန်မာရာဇဝင်မှာပါကြောင်း ဆိုတာကိုသိစေအပ်ပါတယ်။
AD 1912 နောက်ပိုင်းမှ ပျူဟာ မြန်မာနဲ့ မတူလို့ လုပ်ကြံခံရ ကြောင်းကိုတော့ ပျူ ဟာ မြန်မာနဲ့ မတူပါလို့ မှားယွင်းစေခဲ့တဲ့ သမိုင်းတရားခံများ မှာ ဖော်ပြပြီးပါပြီ။
(သမိုင်းပညာကတော့
ရာဇဝင်ပါ အချက်အလက်များကိုသံသယနဲ့ ကြည့်ပါတယ်။ ၎င်း ရာဇဝင်ပါ အချက်အလက်များဟာ ဘယ်လောက်အထိ
အမှန်သမိုင်း ဖြစ်ပါတယ်ဆိုတာကို သုတေသနပြုပြီးပြည်တွင်း ပြည်တွင်း ပြည်ပ အထောက်အထားများနဲ့
ထုတ်ဖော်ရတာ ဖြစ်ပါတယ်။ ပျူမြန်မာသမိုင်းကို စိတ်ဝင်စားသူများ ဟာ(လူငယ်များ၊ ဝါသနာရှင်များ)
ပြည်တွင်း၊ ပြည်ပခေတ်ပြိုင် အထောက်အထားများနဲ့ သုတေသန ပြု ဖော်ထုတ်ထားတာများကိုရှာဖွေ
လေ့လာသင့်ပါတယ်။ သမိုင်း (History) ဘက်ကဆရာသမားများကတော့ သိပြီးဖြစ်၍ အထူးပြောစရာမရှိပြီ)
(ကိုသာဝ)
http://my.wikipedia.org/wiki/မြန်မာပြည်
ReplyDelete